Saturday, May 15, 2010

လင်ရယ်မယားရယ် မောင်ကိုယု ပြန်လည်ဆန်းသစ်မူ့.။


လင်ရယ်မယားရယ်လို့ ဖြစ်လာရင် ကိုယ်က အလျဉ်ဦးအောင် လေ့ကျင့်ပေးရတယ်ကွ'' ကိုရင်မောင်သည် သူ၏ တရားကို ဤသို့နိဒါးချီပြီး စတင်လိုက်သည်။ ယနေ့ ကိုရင်မောင်၏ လက်ဖက်ရည်ဆိုင် တရားပွဲကလေးတွင် တရားနာပရိသတ်မှာ လွန်းကြွယ် တစ်ဦးတည်းသာ ရှိလေသည်။ သို့သော် တရားဟော ဆရာကမူခါတိုင်း ဟောခဲ့ ပြောခဲ့ပြီးသော တရားများထက် ပို၍ အားတွေ့ဟန်ရှိသည်။
သူ့ရှေ့ရှိ လက်ဖက်ရည်ခါးခါး တစ်ခွက် အေးစက်နေသည့် တိုင်အောင် သူ့တရားမှာမပြတ်သေး။ စိတ်ပါလက်ပါ ရှိလှ၏။ ကိုရင်မောင် အာတွေ့မည် ဆိုလျှင်လည်းဖြစ်နိုင်ကောင်းသည်။ ယခု ဟောနေသော တရား ကိုယ်အကြောင်းအရာမှာ ကိုရင်မောင်
အတွက် အပိုင်ဆုံး ဘာသာရပ်ဖြစ်သည်။ အများပတ်ဝန်းကျင် မိတ်ဆွေအပေါင်းအသင်းများက ဤသို့ပင် ယုံကြည်ရင်း ရှိကြသည်။

လင်ခန်းမယားခန်း ပိုင်ပုံနိုင်ပုံများမှာတော့ ကိုရင်မောင်ကို မီသူမရှိဟုသူငယ်ချင်း အသိုက်အဝန်းအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြ၏။
ကိုရင်မောင်က သူ့ဇနီးမယားကို ချုပ်ကိုင်မှု၊ စည်းရုံးမှုကောင်းလေသောကြောင့်သာ မိတ်ဆွေသူငယ်ချင်းတွေ တရုန်းရုန်းနှင့် ဧည့်မစဲ၊ မိတ်မစဲ ကိုရင်မောင့်အိမ်၌ ဝင်နိုင် ထွက်နိုင်စားနိုင်သောက်နိုင်ကြခြင်းသာဖြစ်လေရာအများက ဤသို့ယုံကြည်ယူဆချက်တို့ သည် လက်တွေ့အားဖြင့် မှန်နိုင်ကောင်းပေသည်။
ထို့ကြောင့်လည်း မကြာတော့မည့် သီတင်းတစ်ပတ်အတွင်း မင်္ဂလာဆောင်တော့မည့် သူငယ်ချင်းလူပျိုကြီး လွန်းကြွယ်ခမျာ
မယားမီးသေအောင်လေ့ကျင့်နည်းတွေကိုအသေအချာဆည်းပူးရန် ယနေ့ရောက်လာခြင်းဖြစ်၏။
အိမ်မှာ ဇနီးလောင်းကို ကိုရင်မောင့်ဇနီး မမယ်မထံထားခဲ့ပြီး နှစ်ယောက်သားလွတ်လွတ်လပ်လပ် လက်ဖက်ရည်ဆိုင်ထွက်ခဲ့ကြခြင်းမှာဤရည်ရွယ်ချက်ကြောင့်ပင်ဖြစ် ပေသည်။ လွန်ြး<ွကယ်အဖို့တော့
ကိုရင်မောင်နှင့် သူငယ်ချင်းဖြစ်ရသည်ကြောင့်ပင်။ ဧရာမအကျိုးစီးပွားဖြစ်ခဲ့သည်ဆိုလျှင် မမှားပေ။ ''ဒီတစ်သက်
လွန်းကြွယ်တစ်ယောက်စွံတော့မှာ မဟုတ်ဘူးဟေ့'' ဆိုသောစကားသံ တို့သည် ယနေ့တွင်တရားမဝင်တော့သည်မှာ ကိုရင်မောင်ကျေးဇူးဆိုလျှင် မမှားပေ။
ကိုရင်မောင်တို့အိမ်သို့ တံခါးမရှိ၊ ဓားမရှိ ဝင်နိုင်ထွက်နိုင်၊စားနိုင်အိပ်နိုင်ခဲ့သော ကြောင့် ကိုရင်မောင် ဇနီးမမယ်မ၏ ညီမဝမ်းကွဲတော်သူမခင်အိနှင့် ဆုံစည်းရခြင်းဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းတွင်အကျအနမင်္ဂလာဆောင်ကာ လင်ရယ်၊မယားရယ်လို့ အိမ် ထောင်သည်ဖြစ်ရချေတော့မည်မဟုတ်ပါလော။ ''အိမ်ထောင်ဦးကတည်းက ကျင့်မထားနိုင်ရင် မောင်ရင်ရဲ့လွတ်လပ်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုဟာ ဆုံးခန်းတိုင်ရောက်သွားပြီလို့သာမှတ်လိုက်ပေတော့'' လွန်းကြွယ်ခမျာ

ကိုရင်မောင်၏ နည်းလမ်းတွေကိုကြားချင်ဇောဖြင့် သောက်လက်စ ဆေးလိပ်တိုပင် ဆက်မဖွာတော့ဘဲ လွှင့်ပစ်လိုက်၏။
''အထူးသဖြင့် မင်းတို့လို လူပျိုကြီးတွေအတွက် ပိုအရေးကြီးတယ်''
''ဘာဖြစ်လို့လဲဗျ'' ''အို ဘာဖြစ်ရမှာလဲကွ၊ မောင်ရင်တို့က မိန်းမတစ်ယောက်ကို
အချိန်အခါနှင့်အညီ ရတာမျိုးမှမဟုတ်ဘဲ၊ အခါလွန်မှရတဲ့လူတွေဆိုတော့ထိပ်ပေါ်တင် ခေါင်းပေါ်ရွက် ထားတတ်ကြလို့ပေါ့ကွ''
''ဒါလောက်လည်းမဟုတ်သေးပါဘူးဗျာ။ ချစ်တာ ချစ်တာ တခြားပေါ့'' လွန်ြး<ွကယ်ကမခံချင်စိတ်နှင့် ငြင်းချက်ထုတ်လိုက်ရာ ကိုရင်မောင်သည် လှောင်ရယ်
ကလေးရယ်လိုက်ရင်း ''ကြည့်ကြသေးတာပေါ့လေ၊ ကြည့်သေးတာပေါ့။ ပြီးတော့လည်းဒီမှာ လွန်ြး<ွကယ် ရဲ့၊ မောင်ရင်တို့အတွက် မယားမီးသေဖို့ပိုအရေးကြီးတယ်ဆိုတာ နောက်တစ်ကြောင်းရှိ သေးတယ်ကွ'' ''လင်းစမ်းပါဦး''
''လူပျိုကြီးဆိုတာ အရွယ်လွန်တဲ့တိုင်အောင် လွတ်လွတ်လပ်လပ်နေလာတာမဟုတ် လား၊ရောက်ရာမှာပျော်၊ ထင်ရာကိုသွား၊ တွေ့ရာမှာစားလာတာမျိုး၊ ကိုယ်လွတ်လူလွတ်နေလာတာဆိုတော့ လွတ်လပ်မှုရဲ့အရသာကို တင်းပြည့်ကျပ်ပြည့်ခံစားခဲ့ရတဲ့လူတွေ၊မိန်းမဆိုတာက ကိုယ့်လင်ကိုယ့်သားကို စည်းကမ်းကလနားနဲ့ ထိန်းသိမ်းထားချင်တဲ့
သတ္တဝါအမျိုးအစားတွေဆိုတော့ အဲဒီမှာ ကျားနဲ့ဆင်ပဲမောင်၊ကိုယ်ညံ့ရင်ကိုယ်ခံစတမ်းပဲ'' ဒီတစ်ချက်တော့ ကိုရင်မောင်၏ စကားသည်မှန်လှသည်။ လွန်းကြွယ်တို့လို လူပျိုကြီး များအဖို့ လွတ်လပ်မှုသည်ဧရာမအရသာကြီးပင်ဖြစ်၏။ ကြုံရာမှာ အိပ်လိုက် စားလိုက် ပျော်လိုက်နေထိုင်သူများဖြစ်၏။ အခြားသူများကဲ့သို့ နောက်ဆံတင်းစရာမလို၊ ယခုလိုလက်ဖက်ရည်ဆိုင်များတွင် ဝိုင်းဖွဲ့စကားပြောနိုင်၏။
ရုံးကဆင်းအိမ်ကိုအရောက်ပြေးစရာ မလို၊ ထမင်းဆိုင်စားပြီး ရုပ်ရှင်ရုံတန်း၍ဝင်နိုင်၏။
''အဲဒါတော့ မှန်တယ်ဗျ။ မိန်းမတစ်ယောက်ရဖို့ ဒီမြတ်နိုးစရာကောင်းတဲ့လွတ်လပ်မှုကို မစွန့်နိုင်ဘူးဗျာ။ ဒါပေမယ့် မိန်းမတော့လည်း လိုချင်သေးတာပဲဗျာ''
''အဲဒါကြောင့်ပေါ့ကွ၊ ကိုယ်ယူမယ့်မိန်းမကို ကျင့်ပေးရမယ်ဆိုတာ'' ''ကဲဆိုဗျာ၊ ဘယ်လိုကစပြီး ကျင့်ရမလဲ'' လွန်းကြွယ်က စိတ်မရှည်နိုင်တော့သဖြင့်သူလိုချင်သော နည်းလမ်းများကို တိုက် ရိုက်မေးလိုက်သည်တွင် ကိုရင်မောင်အဖို့
သူဆင်သော တရားကွက်တော့ဝင်ပြီဟု ကျေနပ် စွာပြုံးရင်းအေးစက်နေသောလက်ဖက်ရည်ကို တစ်ကျိုက်နှစ်ကျိုက်သောက်ကာ အရှိန်ယူ လိုက်လေသည်။

''ပထမနည်းကတော့ ကိုယ်ချစ်တာကို သိပ်မပြနဲ့၊ ပြီးတော့ဦးမကျိုးစေနဲ့ဟေ့၊ဒါပဲ'' ''ဘယ်လိုလဲဗျ'' ''သူနဲ့ကိုယ်နဲ့
နှစ်ယောက်အတူတူနေတဲ့အချိန်မှာ နေထိုင်ပုံစနစ်ဟာ သူကြိုက်မဖြစ် စေနဲ့၊ကိုယ်ကြိုက်ဖြစ်ပစေ'' လွန်ြး<ွကယ်ထံမှ တရားထောက်သံမကြားသဖြင့်ကိုရင်မောင်အဖို့ ထပ်မံရှင်းပြရန် လိုသေးကြောင်း သိနားလည်ကာ
သူ့စကားကိုဆက်လိုက်သည်။ ''ရှင်းရှင်းပြောမယ်ကွယ်၊ ဘယ်မိန်းမမဆိုကိုယ့်လင်သားရုံးပြန်မှန်တာ၊ ထမင်းစား မှန်တာ၊ အအိပ်မှန်တာကိုလိုချင်တာပဲ။
အချိန်တန်လို့ ရုံးကပြန်မရောက်ရင် ဆူချင်ဆောင့် ချင်၊ စိတ်ကောက်ချင်တယ်၊သူငယ်ချင်းတွေနဲ့ မိုးချုပ်တလွဲလျှောက်လည်တာကို မကြိုက် ဘူး။အချိန်ရှိသရွေ့ သူတို့မျက်စိတစ်ကမ်းမှာ ရှိစေချင်တယ်၊ ဟော မင်းတို့
ငါတို့ကျတော့ အပေါင်းနဲ့ အသင်းနဲ့နေလာကြတာမဟုတ်လား၊ အမြဲတမ်းတော့ရုံးကအိမ်ကိုတန်းတန်း မတ်မတ် ပြန်မလာနိုင်ဘူး။ စာအုပ်ဆိုင်တော့ဖြစ်ဖြစ်ဝင်ပြီးမွှေလိုက်ချင်သေးတယ်၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်
စကားဝိုင်းဖွဲ့လိုက်ချင်သေးတယ်၊ ကြုံရင်ကြုံသလို စားလိုက်ချင်တယ်၊ညကိုးနာရီပွဲလေးတော့ အမြဲတမ်းမဟုတ်တောင် အဖော်ကောင်းရင်ကြည့်လိုက်ချင်သေးတယ်'' ''တစ်ခါတလေ ကျောင်းနေဖက်မိတ်ဆွေဟောင်းတွေ ဆုံမိရင်
မအိပ်တမ်းစကား ပြောလိုက်ချင်တယ်'' ''ဒီတော့မိန်းမနဲ့ ယောက်ျားအလိုဆန္ဒချင်းဆန့်ကျင်မနေဘူးလား'' ''အမှန်ပဲဗျို့၊ ဒါကိုတော့ အပေးအယူမျှဖို့ လိုတယ်''
''အောင်မယ်၊ ကိုယ့်လူ အပေးအယူတွေ သွားလုပ်မနေနဲ့၊ ကွဲသွားမယ် နားလည် လား။ပထမဦးဆုံး ကိုယ့်အကျင့် ကိုယ်စရိုက်မှာ သူကယဉ်ပါးလာအောင် ကျင့်သားရလာအောင် လုပ်ထားလိုက်ရင် ပြီးတာပဲ'' ''မိန်းမက ဘယ်ကျေနပ်မလဲဗျ'' ''ကဲ
သူငယ်ချင်းရ ဘယ်ဆင်က သစ်တုံးဆွဲချင်မလဲကွ၊ နောက်ယဉ်ပါးလာတဲ့အခါသစ်တုံးဆွဲရတာကို သူ့အတွက်လုပ်နေကျအလုပ်ဖြစ်သွားတဲ့အခါ သူ့ဟာသူ ကျေနပ်နေတာပဲမဟုတ်လား'' ''မိန်းမဆိုတဲ့သတ္တဝါတွေကလည်း ပထမတော့ အစွယ်ပြကြသေးတာပဲ၊

မာယာ ပေါင်းတစ်ထောင်နဲ့ လင်ယောက်ျားကို ပုံသွင်းတာပဲ၊ကိုယ်ကကျုံးမဝင်မိဖို့ အရေးကြီးတယ်'' ''ဟော ရုံးက ကိုယ်ပြန်မလာမချင်းထမင်မစားဘူး'' ''ထမင်းပွဲယပ်ခတ် စောင့်နေတတ်တယ်၊ အဲဒီတော့
ယောက်ျားလုပ်တဲ့လူတွေက'' ''သြော် သူ့ခမျာ၊ ငါမပြန်ရင်ထမင်ဆာနေတော့မယ်ဆိုပြီး ထောက်ထားလာရော အိမ်ကိုအချိန်မှန်ပြန်အောင်ပေါ့ကွာ၊
ဒီနေရာမှာ ကိုယ်ကမလိုက်လျောနဲ့၊ ရုံးကတမင်နောက် ကျမှပြန်၊ သွားစရာမရှိရင်လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် ထိုင်နေလိုက်'' ''ကိုယ်ကိုယ်တိုင်ကထမင်းဆာလာရင်ရောဗျာ'' ''အို ဘာခက်တာမှတ်လို့ လမ်းမှာဝယ်စားလိုက်ပေါ့၊
အိမ်ရောက်တော့ သူက ထမင်းစားဖို့ပြောရင် လမ်းမှာစားခဲ့ပြီလို့ပြောလိုက်၊အဲဒီတော့ သူကပြောလိမ့်မယ်၊ အိမ်က
မိန်းမကအဆာခံပြီးစောင့်နေလိုက်ရတာဘာညာနဲ့ပေါ့ကွာ ချွဲမှာပဲ၊ ကိုယ်ကပျော့မသွားနဲ့'' ''အဲဒီလိုသာ ရက်ပေါင်းများစွာ ကျင့်ပေးလိုက်ရင်နောက်တော့သူမစောင့်တော့ဘူး၊ ဒီတစ်ပွဲတော့ ကိုယ်အောင်လိုက်ပြီသာ
အောက်မေ့လိုက်'' ကိုရင်မောင်သည် ပုစ္ဆာတစ်ပုဒ်ကိုတွက်ချက်
ဖြေဆိုပြလိုက်ပြီးသော ကျောင်းဆရာ ကဲ့သို့ဟန်ဝင်၍ နောက်ပုစ္ဆာတစ်ပုဒ်ကို
စပြန်သည်။
''နောက်တစ်ခုက မိန်းမများမျက်ရည် အင်မတန်လွယ်တယ်ကွ၊ ဘာမဟုတ်တာလေးနဲ့ပေမယ့် ငိုပြတတ်တယ်၊ တစ်ခါတလေ လင်ယောက်ျားမသိအောင် အိပ်ရာထဲကျိတ်ငိုသလိုလိုနဲ့ အသံကြားအောင်ငိုတယ်၊ ဒါမျိုးများ သွားမချော့လိုက်နဲ့မောင်၊
နောက်ကျွမ်းပစ် ပြီလို့သာ မှတ်လိုက်ပေတော့'' ''ဟော တို့ကျတော့ရှင်းတယ်၊
မမယ်မတို့ငိုပြီဆိုရင် စိတ်ညစ်တယ်ကွာဆိုပြီး ထွက် သွားလိုက်တာပဲ၊ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကို စတိုင်လ်လေးနဲ့သွားကြည့်နေလိုက်တယ်၊
အိပ်ရာထဲကိုယ်မကြားကြားအောင်ကျိတ်ငိုတဲ့ဟန်မျိုးများ လုပ်ရင်တော့မကြားချင်ယောင်ဆောင်
ပြီး ဟိုဘက်လှည့် အိပ်လိုက်တာပဲ၊ ခုများတော့ငိုပါဦးဆိုတာတောင် မမယ်မတို့မျက်ရည် မကျတော့ဘူး၊ ဒါဟာမိန်းမတို့ရဲ့ အထက်မြက်ဆုံးလက်နက်ကိုရိုက်ချိုးပစ်လိုက်တာပဲ'' ''ဟုတ်တယ်ဗျ၊ ခင်ဗျားဇနီးချောလေး မကတော့
အမြဲတမ်းပြုံးနေတာပဲ၊ ကျုပ်တို့ တစ်တွေ ဘယ်လောက်ပဲ ခင်ဗျားတို့အိမ်မှာလာပြီးညှဉ်းညဉ်း ဘယ်တော့မှမျက်နှာပျက်တာ မတွေ့ရဘူး'' ''ဒီပုံဒီစခန်းရောက်အောင် အလေ့အကျင့်ပေးခဲ့တဲ့လူကိုလည်း ကြည့်ဦးလေကွာ ဟား ဟား''

ကိုရင်မောင်သည် ရင်ကိုကော့၍ နောက်သလိုလိုနှင့် တကယ်ဂုဏ်ယူကာ ကြွယ်ပြ
လိုက်ရသဖြင့် တော်တော်ကျေနပ်သွားလေသည်။ ထို့ကြောင့်လည်း သူ၏မယားလေ့ကျင့်ပုံနောက်ဆုံးနည်းကို ဆက်လိုက်ပြန်သည်။ ''အဲ ကိုယ်က သူ့ဆီကအခွင့်အရေးတစ်ခုခုလိုချင်ရင် သူလိုချင်တာလေးတစ်ခုခုကို ဦးအောင်ရှာကြံပြီးပေးလိုက်၊ဒီလိုဆိုရင် ကိုယ့်အတွက်လည်း သူမငြင်းတော့ဘူး'' ''ဟုတ်တယ်၊ ဟုတ်တယ်၊
ဒါသတိထားဖို့လိုတယ်၊ ဒါတွေကိုကြိုတင်ပြီး ခင်ဗျားဆီက သိထားရတာကောင်းတယ်ဗျာ၊ ကျုပ်အတွက် ကိုယ်ခံကောင်းသွားတာပေါ့'' ကိုရင်မောင်ကမူပြုံးပြုံးကြီးခေါင်းညိတ်လိုက်လေသည်။ ကိုရင်မောင်တို့ လက်ဖက်ရည်ဆိုင်တွင်
မယားနိုင်နည်းတွေ နှီးနှောဖလှယ်ချိန်၌ မမယ်မကလည်း သူ့ညီမမခင်အိကိုအချိန်ရှိတုန်းကလေး သွန်သင်ဆုံးမနေလေသည်။ ''ညည်းနော် ဒါပဲ၊ ငါ ကအခုကတည်းကပြောထားမယ်၊ ငါညီမလုပ်နေပြီး ကိုလွန်းကြွယ်လိုလူပျိုကြီးကိုမှ
ဇက်ကြိုးနိုင်အောင် မကိုင်နိုင်ရင် အသိပဲ'' ''ဘာလဲမမရဲ့၊
ယူကြမယ်မှမကြံသေးဘူး၊ ဘယ်လိုဇက်ကြိုးကိုင်ရမှာလဲ'' ''ဒီမှာမရွှေအိရဲ့၊ကိုလွန်းကြွယ်တို့လို လူပျိုကြီးတွေဟာ ကိုယ်ကကိုင်နိုင်ရင် အကောင်းဆုံးလင်ယောက်ျားဖြစ်မှာပဲ၊
ကိုယ်မနိုင်ရင်တော့မျက်ရည်နဲ့ဒူးနဲ့သာသုတ်ပေတော့'' မခင်အိသည်သူ့အစ်မစကားကိုကြားသောအခါ လင်ယူရမည်ကိုပင် ကြောက် သလိုလို ဖြစ်သွားမိ၏ ။
မမယ်မကမူ သူ့ညီမထုံနနကလေးကို ကိုယ်တွေ့နည်းကလေးပေးလိုက်မှ ကိုယ်ခံကောင်းတော့မည်ကို ရိပ်မိလိုက်သဖြင့် တွတ်ထိုး၍ပြောနေလေတော့သည်။
''အရွယ်လွန်အောင် ကလေကလွင့် စည်းလွတ်ဓားလွတ်နေလာတဲ့လူမျိုးကို စဟေ့ဆိုကတည်းက စည်းကလေး ကမ်းကလေးနဲ့ နေလာသွားလာအောင် ထိန်းပေးရ တယ်၊
ရုံးကပြန်ရင် အိမ်ကိုတန်းတန်းမတ်မတ်ပြန်ပြီး မယားချက်တဲ့ထမင်း အငွေ့မသေခင်စားတတ်အောင် ကိုယ်ကိုယ်တိုင်က သူလာမှစားမယ့်ဟန်မျိုးလုပ်ပြီး
စောင့်နေပြရတယ်'' ''ဟင် မမကလည်း သူကမိုးချုပ်မှပြန်လာရင် အူလိပ်ပြီးသေရောပေါ့''''မိရွှေအိရယ် အရန်ကော၊ ဘယ်ဒီလိုဟုတ်မလဲကွယ့်၊ ကိုယ်တကယ်စားပြီးမပြီး သူမြင်တာ၊ သူသိတာမှတ်လို့၊ စောစောတည်းက အဆာပြေလေးကျိတ်စားရတာပေါ့ဟဲ့၊
သူပြန်လာတော့ မစားရသေးဘူးပေါ့၊ သူနဲ့မှ လက်ဆုံစားချင်တဲ့ဟန်မျိုးပေါ့''
''အင်း အင်း'' ဒီတစ်ချက်တော့ မခင်အိသဘောကျသွား၏ ။ ''ပြီးတော့ကိုယ့်ယောက်ျားလုပ်တဲ့သူဟာာ အငိုမှာပျော့သလား၊ အရယ်မှာပျော့သ လား၊
မျှော့သွေးစမ်းသလို စမ်းသပ်ပြီးလေ့လာ ရတယ်'' ''အချို့ယောက်ျားတွေက
မိန်းမမျက်ရည် မြင်ရင် ဒါမှမဟုတ် မိန်းမရှိုက်သံကြားရင် တစ်ခါ တည်းအရည်ပျော်ကျလာတတ်တယ်၊ တောင့် မခံနိုင်ဘူး၊ ဒီလိုယောကျာ်းမျိုးကျတော့ ဗြောင်ငိုတဲ့နည်းနဲ့တစ်မျိုး၊ ကျိတ်ပြီးရှိုက်သံပေးတဲ့ နည်းနဲ့ကတစ်မျိုး၊
ကိုယ့်ရင်ခွင်ထဲခေါင်း ငိုက် ကျလာအောင် လုပ်ရတယ်'' ''ဟော
အချို့အမျိုးသားတွေဆိုရင် ငိုသံ ကိုမကြားချင်ဘူး၊
မိန်းမငိုရင်ရှောင်တတ်တယ်'' ''ဒါမျိုးကျတော့ မကြိုက်တာပေမယ့် အငိုလေးနဲ့သွားမလုပ်နဲ့၊ မကြိုက်ပေမယ့် အလို လိုက်ပုံမျိုးနဲ့
ပြုံးပြုံးကလေးနေလိုက်၊ ကိုယ် တော်ချောတွေ သူတို့ဘာသာအလိုက်သိပြီး ငါ့

မိန်းမဘာမကြိုက်ဘူးလဲဆိုတာ ရှာကြံပြီး ဆင် ခြင်လာတတ်တယ်၊ကိုယ်ကအကင်းပါးပေါ့ ကွယ်'' မမယ်မသည် ချုပ်လက်စအဝတ်ကို ဘေး ချပြီး
မခင်အိပေါင်ကိုပုတ်လိုက်ရင်း ''ဒီမှာ ရွှေအိ ငါပြောတာတစ်ခုတော့ မြဲမြဲမှတ်ထား၊ ဘယ်ယောက်ျားမဆို မိန်းမရဲ့တီတီ တာတာ ပလီပလာကိုကြိုက်တတ်ကြတာပဲ၊
လင်နဲ့မယား လူမမြင်တဲ့နေရာမှာ ကိုယ့် လင်ကို ကလက်ချင်ကလက်ပါစေ၊နှဲ့ပေးရတယ်၊ ခရာ တာတာကလေး ပြောပေးရတယ်'' ''အို မမကလည်း ရှက်ပါတယ်'' မယ်အိက
ပခုံးလေးတွန့် ခေါင်းကလေး ငုံ့ပြီး ပြုံး၍ပြန်လည်ပြောသည်ကို မမယ်မက
မေးငေါ့၍မဲ့ပြလိုက်လေသည်။ ကိုရင်မောင်နှင့် မမယ်မသည် သဘောတရား အပြောစကား
တွင်သာမဟုတ် သူတို့၏ကိုယ်စီ လင်ရယ်မယား ရယ် လေ့ကျင့်သည့်နည်းလမ်းများကိုကိုယ်တိုင် လက်တွေ့ကျင့်သုံးနေကြသူများဖြစ်ကြ၏ ။
ကိုလွန်ြး<ွကယ်တို့ဇနီးမောင်နှံလောင်းစုံတွဲ ပြန်သွားကြသည့်ညတွင်

ကိုရင်မောင်က သူလိုချင်သောအခွင့်အရေးတစ်ခုနှင့် ချဉ်းကပ်လာသည်ကိုမမယ်မကလည်း သူလိုချင်သော အခွင့်အရေးတစ်ရပ်ဖြင့် ခရီးဦးကြိုပြုလိုက်သည်။
''မောင် ဒါပဲနော်၊ မခင်အိတို့လက်ထပ်ပွဲမှာဝတ်ဖို့ ပဝါနဲ့အင်္ကျီဆင်တူဖြစ်အောင်ဟိုဘက်အိမ်က အညွန့်တို့လာပြထားတဲ့ 'ခရိစ'ဝယ်လိုက်တော့မယ်'' မမယ်မ၏စကားကိုကြားကတည်းကပင် ကိုရင်မောင်အဖို့ ပိုင်ပြီဟု ဝမ်းထဲက ကျေနပ်လိုက်သည်။

ဇနီးချောလိုချင်တာလေး ကြိုတင်ပြီးအလိုလိုက်ပါက သူ့အတွက်
အကွက်ကောင်းဆိုက်ပြီဆိုတာ သေချာပြီ။ ''အမယ်လေး မရယ်၊
ဒါများရေးကြီးခွင်ကျယ်လုပ်ပြီး ခွင့်တောင်းနေရသေးလား၊ ကိုယ့်ဘာကိုယ်ဝယ်ဝတ်တဲ့ဥစ္စာ မလှအောင်ဆင်တာ မောင်အကြိုက်ကြီးပဲပေါ့'' မမယ်မက

ကိုရင်မောင်၏ရင်ခွင်တွင်းသို့ ခေါင်းထိုး၍ဝင်ကာရင်ဘတ်ကြီးပေါ်တွင်
မျက်နှာဝှက်ရင်း ''ဟင်း ဟင်း မောင်မသိဘဲနဲ့ မဘာမှမလုပ်တတ်ဘူးဆိုတာမောင်သိသားနဲ့''ဟု ချွဲလိုက်၏ ။ ကိုရင်မောင်သည် တဟဲဟဲရယ်ရင်း
မမယ်မ၏ဆံပင်များကို တယုတယသပ်ပေး လိုက်၏ ။ ထို့နောက်မှ ''မောင့်မလည်းဒုက္ခပဲမရယ်၊ ကိုရွှေလွန်ြး<ွကယ်က လက်မထပ်မီညမှာ ဒီအိမ်သူငယ်ချင်းတွေစုပြီး လူပျိုညကျင်းပကြမယ်တဲ့၊ သောက်ကြ၊ စားကြမယ်ပေါ့ကွာ၊
ခွင့်မပေးလည်းအခက်'' ''အို မောင်ကလည်းလုပ်ပါစေ၊ ကိုယ့်သူငယ်ချင်းရဲ့ပွဲပဲမဟုတ်လား၊ ငြင်းလို့ ကောင်းမလား'' ကိုရင်မောင်အဖို့တော့ သူ့နည်းသည်
အမှန်ပင်အောင်မြင်ကြောင်းတွေ့ရသဖြင့် ကျေနပ်ကြီးကျေနပ်၍ မဆုံးမီပင်အိပ်ခန်းတွင်းမှ သားကြီးမောင်မောင်၏ တစ်ရေးနိုး ငိုသံကြားလိုက်ရ၏ ။
''မောင်ရယ် သားတော်မောင်နိုးလာပြန်ပြီ။ ကိုယ့်သားကြီးဆီသွားလိုက်ပါဦးနော်''ဟုမမယ်မကဆိုလိုက်ရာ ကိုရင်မောင်သည် ယဉ်ပါးပြီး ဆင်ကြီးတစ်ကောင်က
ချွန်းမပေါက်ရဘဲသစ်တုံးဆွဲရန် မြစ်ခြေကမ်းစပ်သို့တရွေ့ရွေ့ဆင်းသွားသကဲ့သို့ သားတော် မောင်ရှိရာ အိပ်ခန်းဆီရှေးရှု၍
ရွေ့လျားသွားလေတော့သည်။ မောင်ကိုယု